Events
အိန္ဒိယနိုင်ငံတွင် တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) ပြပွဲ ကျင်းပမည်
Updated At: 2025-06-16 14:05:51
အိန္ဒိယနိုင်ငံ၊ ဉတ္တာပရာဒေ့ရှ်ပြည်နယ် (UP) အစိုးရ၏ဦးဆောင်မှုဖြင့် UP ပြည်နယ်၊ Greater Noida မြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ “3rd Edition UP International Trade Show” ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ FIEO မှ ပေးပို့လာသည့်စာတွင် UP ITS 2025 တွင် UP ပြည်နယ်၏ နိုင်ငံတကာဈေးကွက်တွင် အလားအလာရှိသော ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသသွားမည်ဖြစ်ကြောင်း၊
၂။ ပြပွဲအခမ်းအနားတွင် ကုန်သွယ်မှုနှင့်နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း၊
၃။ ပြပွဲတွင် အဓိကပါဝင်မည်ကဏ္ဍများမှာ စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် ဆည်မြောင်းစနစ်ကဏ္ဍ၊ မော်တော်ယာဉ်၊ EV နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများကဏ္ဍ၊ တိုင်းရင်းဆေးဝါးကဏ္ဍ၊ အီလက်ထရွန်နစ်ပစ္စည်းများကဏ္ဍ၊ အင်ဂျင်နီယာနှင့်ထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ အရုပ်ထုတ်လုပ်မှုကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ လူသုံးကုန်ပစ္စည်းများကဏ္ဍ၊ အစားအစာနှင့်အဖျော်ယမကာကဏ္ဍ၊ မှန် ထည်လုပ်ငန်းကဏ္ဍ၊ လက်မှုပညာပစ္စည်းများကဏ္ဍ၊ အိုင်တီနည်းပညာနှင့်ဆော့ဝဲလ်များကဏ္ဍ၊ သားရေထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနှင့်အားကစားပစ္စည်းများ စသည့်ကဏ္ဍ မျိုးစုံပါဝင်မည်ဖြစ်ပါကြောင်း၊
၄။ လာရောက်မည့်ကုန်သည်ဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် တစ်ဦးနှုန်းဖြင့် လေယာဉ်စရိတ် (Economy Class)၊ ၂ ည တည်းခိုနေထိုင်စရိတ်၊ လေဆိပ်ကြိုဆို ပို့ဆောင်ခြင်းနှင့် ပြပွဲကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ပြပွဲကျင်းပသူက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
၅။ ပြည်ပဝယ်လက်များအနေဖြင့် http://www.fieo.org/UPITS2025 တွင် အချက်အလက်ပြည့်စုံစွာဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့် ပြည်ပဝယ်လက်များအနက် ရွေးချယ်ခံ ရသူများစာရင်းကို စိစစ်ရွေးချယ်ရေးကော်မတီက သြဂုတ်လလယ်မတိုင်မီတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊
၆။ ကုန်သည်ဝယ်လက်များအနေဖြင့် မှတ်ပုံတင်ခြင်းအား ၁၅-၇-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းရန် စိတ်ဝင်စားမှုရှိသော ကုန်သည်ဝယ်လက်များ၊ သွင်းကုန်လုပ်ငန်းရှင်များမှ ပါဝင်ပြသမည်ဆိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
(၁၃၈) ကြိမ်မြောက် Canton Fair (138th Canton Fair) ကျင်းပမည်
Date: 15th October to 4th November, 2025
“၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါ ကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2025-26)” ပြပွဲ ကျင်းပမည်
Date: 5th to 25th December, 2025